ကျွန်တော်တို့ Computer က soundcard (audio interface) ကနေ ဖမ်းလိုက်တဲ့ အသံတွေကို တိုက်ရိုက် မသိနိုင်ပါဘူး
Computer က အသံတွေကို Process လုပ်ဖို့ ခေတ္တခဏ စုစည်းထားပေးတဲ့ အချိန် တစ်ခုဖြစ်ပါတယ်
လွယ်လွယ် မြင်အောင်ပြောရရင်
ကျွန်တော်တို့ Mic ကနေသီချင်းအဆိုလိုက်လို့ အသံဝင်လာတယ်
အဲ့အသံဒေတာကို Buffer ထဲမှာ စုထားလိုက်ပါတယ်
CPU က Buffer ကို Processing လုပ်လိုက်ပါတယ်
ပြီးမှ Speaker ကနေ အသံတွေပြန်ထုတ်ပေးပါတယ်
အဲ့လိုလုပ်တာကိုခေါ်တာပါ
အဲ့တော့ buffer length ( size) နည်းနည်းထားရင် ကီုယ်ဖမ်းလိုက်တဲ့ အသံကို ချက်ချင်း head phone or speaker ကနေပြန်ကြားရပါမယ်
CPU က loading များတဲ့အတွက်ကြောင့် computer မနိုင်ရင် ထစ်တာတွေ ဖြစ်တတ်ပါတယ်
ပြောင်းပြန်အနေနဲ့ buffer length ( size) များများထားရင် ကီုယ်ဖမ်းလိုက်တဲ့ အသံကို ချက်ချင်း head phone or speaker ကနေပြန်မကြားရပဲ နောက်ကျမှပြန်ကြားရနိုင်ပါတယ်
အဲ့အတွက် recording မှာဆို ရင် vocal /player သမားတွေအတွက်ကိုယ်တီးတာ/ဆိုတာတွေကို ပြန်ကြားရတာနောက်ကျတဲ့ အတွက် အဆင်မပြေပါ
But CPU က loading နည်းသွားတဲ့အတွက်ကြောင့် computer မနိုင်တာ ထစ်တာတွေ တော့မဖြစ်တော့ပါ

No comments:
Post a Comment